Suvanna Perfume
Catalog
10ml 17,000 Ks | 30ml 39,000 Ks
Inspired by
Unisex · Rainy
Green - Earthy - Hard to wear - Unique - Rainy - Forest
❝ Niche House တွေထဲကမှ ရေမွှေးဆရာတွေရဲ့ အချစ်တော် Acqua di parma ရဲ့ Blu Mediterraneo line up ထဲက တစ်ခု။ သူက သဖန်းသီးနံ့ (Fig) လေးကိုမှ လုံးဝ Fresh & Aromatic ဖြစ်အောင် ဖန်တီးထားတာမို့လို့ နွေရော မိုးရောနဲ့ အရမ်းလိုက်တယ်။ ❞
Add a review [BETA] | ↑ Top
Inspired by
Men
Blue - Woody - Masculine - Fresh
❝ ဒီကောင်လေးကကျတော့ လူငယ်တွေ၊ လူလတ်တွေနဲ့ လိုက်တယ်။ Bleu sense ဆိုပေမယ့် နေရာ ရာသီ မရွေးဘူး၊ ထသွားထလာကစ ညဖက်တွေ၊ သင်တန်းသွား/ ကုမ္ပဏီရုံးတက် အကုန်ဖိုင်းတယ်။ နာမည်လည်း တကမ္ဘာလုံးမှာ အဆမတန် ကြီးလွန်းမက ကြီးပြီးသားဆိုတော့ Blind buy ဝယ်ချရင်တောင် မမှားဘူး။ BDC ထဲမှာ ကျနော်အကြိုက်ဆုံး EDP version ❞
Add a review [BETA] | ↑ Top
Inspired by
Men
Blue - Woody - Masculine - Night
❝ Dior ရဲ့ Homme line ထဲမှာမှ မဖြစ်မနေ စမ်းသင့်တဲ့ Dior Homme line ထဲမှာ လူကြိုက်အများဆုံးပဲ။ Powdery ဖြစ်ဖြစ်နဲ့ Woody အနံ့လေးမို့လို့ တည်ငြိမ်ပြီး လူကြီးဆန်တဲ့ Vibe မျိုးကို ပေးနိုင်တာ။ ညဖက်ပွဲတက်တွေ၊ အရေးကြီးတဲ့ တွေ့ဆုံပွဲတွေမှာ ဆွတ်သွားရင် လုံးဝကို အထာကျနေမှာ။ ရင့်ကျက်တဲ့ ယောက်ျားတစ်ယောက်ရဲ့ ဆွဲဆောင်မှုကို အပြည့်အဝ ဖော်ဆောင်ပေးနိုင်တဲ့ ရေမွှေးတစ်လက်ပါပဲ။ ❞
Add a review [BETA] | ↑ Top
Inspired by
Women
Feminine - Floral - Powdery - Versatility - Lovely
❝ ပန်းနံ့သင်းသင်းလေးနဲ့မှ အဆင့်အတန်းရှိတဲ့ အမျိုးသမီးလေးတစ်ယောက်ရဲ့ ပုံစံမျိုး။ နူးညံ့ပြီး လှပတဲ့ Floral ရနံ့လေးမို့လို့ ရုံးတက်၊ ကျောင်းသွား ဒါမှမဟုတ် အပြင်သွားရင်းနဲ့ ကိုယ့်အနားကပ်လာရင် စိတ်ချမ်းမြေ့စရာလေးပါလား ဆိုတဲ့ ခံစားချက်မျိုး ပေးနိုင်တယ်။ တကယ့်ကို Charming ဖြစ်စေမယ့် Masterpiece တစ်ခုပါ။ မိန်းကလေးတယောက်ဆီက ရခဲ့ရင် အတော်လေး မြတ်နိုးဖွယ်ရာ ခံစားမှုမျိုးလေး ❞
Add a review [BETA] | ↑ Top
Inspired by
Men · Night · Winter
Woody - Masculine - Night
❝ မြေနံ့ (Earthy) နဲ့ လိမ္မော်ခွံနံ့လေးကိုမှ Woody အနံ့နဲ့ လှလှပပ ပေါင်းစပ်ထားတာ။ ယောက်ျားဆန်ပြီး တည်ငြိမ်တဲ့ အသွင်အပြင်မျိုးကို ပေးနိုင်တဲ့အပြင် Classic လည်း ဖြစ်တယ်။ အခုဆိုရင် Terre d’Hermes ထုတ်အပြီးမှာ Hermes ရဲ့ H24 ရော Terre d’Hermes ပါ ၂ မျိုးလုံး Suvanna မှာ Inspired ရပြီ ဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ။ Signature အဖြစ် သုံးမယ်ဆိုလည်း it's ok ပါ။ ❞
Add a review [BETA] | ↑ Top
Inspired by
Men · Night · Winter
Woody - Masculine - Night
❝ Niche ရေမွှေးလောကမှာ တော်တော်လေး နာမည်ကြီးတဲ့ Pineapple & Woody ရနံ့။ Creed Aventus နဲ့ Vibe ချင်း နည်းနည်းဆင်ပေမယ့် သူက ပိုပြီး Deep ဖြစ်သလို Longevity လည်း တော်တော်ကောင်းတယ်။ King level အနံ့မျိုးကိုမှ တစ်မူထူးခြားပြီး Performance ကောင်းတာ ကြိုက်တဲ့သူတွေအတွက်တော့ ဒါက 'ဘုရင်' ပါပဲ။ ❞
Add a review [BETA] | ↑ Top
Inspired by
Women
Feminine - Versatile - Cool
❝ မိန်းကလေးတိုင်း ချစ်ကြတဲ့ အသည်းတုံးလေး။ ပန်းနံ့အေးအေးလေးနဲ့ Fruity Floral Vibe လေးမို့လို့ အရမ်း fresh ဖြစ်ပြီး လန်းဆန်းတက်ကြွစေတယ်။ အနံ့ခံရ ခက်တာမျိုး လုံးဝမရှိလို့ Blind buy ရဲရဲဝယ်လို့ရတဲ့အပြင် ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ပုံစံကို အပြည့်အဝ ရစေမှာ။ ❞
Add a review [BETA] | ↑ Top
Inspired by
Men · Night
Attractive - Deep - Seductive - Night Out - Party
❝ ကဲ Ultra Male ကြောင့် ပျော်ရွှင်ကြပါစေ။ ညဖက်တွေအတွက် လုံးဝကို Party Seductive Fragrance ပဲ။ အချိုဖက်ကို သွားပေမယ့် တော်တော်လေး ဆွဲဆောင်မှုရှိပြီး Sexy ဖြစ်တဲ့ Vibe မျိုး။ Clubbing သွားမလား၊ Party သွားမလား... လူကြားထဲမှာ ကိုယ့်အနံ့က ထင်းနေစေမယ့်အပြင် ဘဲလန်းလန်း အထာဖြစ်ချင်တဲ့သူတွေအတွက် မရှိမဖြစ် ဆောင်ထားသင့်တဲ့ ရေမွှေးမျိုးပါ။ ❞
Add a review [BETA] | ↑ Top
Inspired by
Unisex · Rainy
Green - Earthy - Hard to wear - Unique - Rainy - Forest
❝ သူက ရေမွှေးဆရာတွေ အချစ်တော် Niche House တစ်ခုဖြစ်တဲ့ Acqua di parma ရဲ့ Blu Mediterraneo line up ထဲက တစ်ခု။ ဒီကောင်လေးကကျ လုံးဝ Fresh & Aromatic ကိုမှ ချုံနွယ်နံ့လေး ရတာကြောင့် မိုးတွင်းနဲ့ အရမ်းလိုက်တယ်။ မိုးရနံ့ကို နှစ်သက်တဲ့သူတွေ မဖြစ်မနေ စမ်းပြီး ခံစားကြည့်သင့်တယ်လို့ မြင်တယ်။ ဒါပေမယ့် ရေမွှေးဆွတ်ကျင့် နည်းသေးရင်တော့ သူ့အနံ့က လက်ခံရခက်ဦးမယ်။ ❞
Add a review [BETA] | ↑ Top
Inspired by
Unisex · Rainy · Night
Green - Earthy - Hard to wear - Unique - Rainy - Forest
❝ မိုးတွင်း မိုးရွာနေတဲ့အချိန်မှာ သစ်ဆွေးနံ့ ခပ်မှိုင်းမှိုင်း ခပ်အုပ်အုပ်လေး ကြိုက်တဲ့သူတွေအတွက်ကတော့ Oud Wood က အသင့်တော်ဆုံးပဲ၊ But ဒါပေမယ့် Oud Wood က ဆွတ်ရခက်တယ်၊ ပုံမှန် Citrus Woody တွေလည်း အားမရတော့ဘူး၊ level တက်ချင်ပြီဆိုရင်တော့ Acqua di Parma ထဲက inspired ယူထားတဲ့ Oud ကို စမ်းကြည့်စေချင်တယ် 🤎 ❞
Add a review [BETA] | ↑ Top
Inspired by
Women · Night · Sexy
Clean - Green - Musky - Orange - Aquatic - Man Fresh Green
❝ Strawberry Raspberry အနံ့လေးနဲ့ကိုမှ ချိုချိုချဉ်ချဉ် ဆွဲဆောင်မှုရှိတယ်။ ချစ်ဖို့ကောင်းလွန်းတဲ့ Fruity ဖြစ်ဖြစ်ရေမွှေးလေးတွေ ကြိုက်တဲ့သူတွေအတွက် အချစ်ကြဆုံးရေမွှေးတွေထဲက တစ်ခု 💕 ပြီးတော့ ချစ်ဖို့ကောင်းပြီး Sexy ဖြစ်တယ်လို့လည်း ခံစားရတယ် 😎 ကိုကိုတွေအနေနဲ့ ကို့ရဲ့ မီးမီးတွေကို ဝယ်မပေးမိရင် နောင်တရလောက်မယ့် အနံ့မျိုးလို့တောင် ပြောလို့ရတယ်။ ❞
Add a review [BETA] | ↑ Top
Inspired by
Unisex · Rainy
Clean - Green - Musky - Orange - Aquatic - Man Fresh Green
❝ မိုးတွင်းတွေမှာ ရတတ်တဲ့ သစ်ပင်စိမ်းတွေ မြက်ခင်းစိမ်းတွေကို မိုးရေစို ထားတဲ့အနံ့ရယ်၊ Earthy ဖြစ်ဖြစ် Vibe ကို ခံစားရစေဖို့ရယ်၊ မိုးကြောင့် လန်းဆန်းသွားစေဖို့ရယ် အတော်လေး ကြိုးစားအားထုတ်ထားတာ တွေ့ရတယ်။ စိမ်းစိမ်းစိုစိုဖက်ကို ပိုရောက်တယ်၊ Citrus fresh ဖက်ကို ပိုရောက်တယ်လို့ ထင်တယ်။ မိုးရာသီရဲ့ ရှိရမယ့် Vibe တွေကို ရေမွှေးတစ်ခုအနေနဲ့ ဖြစ်နိုင်သမျှ အနုပညာ လက်ရာမြောက် ပြန်ဖန်တီးထားတာမျိုး။ ❞
Add a review [BETA] | ↑ Top
Inspired by
Unisex · Summer · Rainy
Woody - Aromatic - Fresh - Casual - Office - Travel
❝ နာမည်ကျော် Gypsy Water..။ Woody ဖြစ်ဖြစ်ကိုမှ အတော့်ကို Fresh ဖြစ်ဖြစ် ကြည်ကြည်လင်လင်လေး ဖန်တီးထားလို့ ဒီနိုင်ငံရဲ့ အကြိုက်အလိုက် ကိုက်ပါတယ်။ Sandalwood Citrus Fresh ပါ။ မဟာသင်္ကြန်vibe 🖤 ❞
Inspired by
Unisex · Summer · Rainy
Woody - Aromatic - Fresh - Casual - Office - Travel
❝ ဒုတိယကမ္ဘာစစ်တုန်းက ၂ ဖက် ရင်ဆိုင်နေတဲ့ စစ်မြေပြင်မှာ ရန်သူမိတ်ဆွေ သူ့ဖက်ကိုယ့်ဖက် မခွဲဘဲ ဒဏ်ရာရစစ်သည်တွေကို ပြုစုကုသပေးခဲ့တဲ့ သူနာပြုအမျိုးသမီးတွေကို ဂုဏ်ပြုထားတဲ့ ရေမွှေး၊ Niche House တခုဖြစ်တဲ့ Byredo က ထုတ်တာမို့လို့ ပုံမှန်ကနေ ကွဲထွက်ပြီး ဘယ်သူနဲ့မှ မတူတဲ့အထာမျိုးလေး ❞
Inspired by
Women · Sexy
Seductive - Sexy - Sweet - Gourmand
❝ ဒေါက်ဖိနပ်ပုံစံရေမွှေးပုလင်းလေးကို မြင်ဖူးကြမယ်ထင်တယ် 👠 ခပ်ဆိုးဆိုး ကောင်မလေးတစ်ယောက်ဖြစ်ဖို့အတွက် အကောင်းဆုံးရေမွှေးတွေထဲက တစ်ခု၊ နာမည်က Good Girl ဆိုပေမယ့် ဆွဲဆောင်မှုအရမ်းရှိတဲ့ Bad Girl အထာလေး ❞
Inspired by
Women · Sexy
Fruity - Rosy - Seductive - Sexy
❝ ဒါကတော့ Good Girl ရဲ့ အမြွှာညီအစ်မ Very Good Girl … အရမ်း အရမ်းတွေ ကောင်းနေပြီ။ နောက်ထပ် လိုင်ချီးကဲကဲ Fruity Sexy မို့လို့ ဆောင်းတွင်းတင်မကဘူး၊ ပုံမှန် ညဖက်တွေမှာလည်း လိုက်ဖက်တယ်။ သူတို့ညီအစ်မတွေရဲ့ ထုံးစံအတိုင်း နာမည်နဲ့ ပြောင်းပြန် ခပ်ဆိုးဆိုးလေးတွေနဲ့ ပိုလိုက်တယ်။ ဘဲကို နိုင်တတ်တဲ့ ချစ်စရာ လူဆိုးမလေးတွေအတွက် ❣️ ❞
Inspired by
Summer · Fresh · Men
Energetic - Masculine - Fresh - Sporty
❝ Gym ဆော့တဲ့၊ အားကစား လုပ်တဲ့ ဘော်ဒါတွေအတွက် Gym ဆော့တဲ့အချိန် မှာ နားကြပ်လေးတပ်ပြီး ဒီအနံ့လေးနဲ့ဆိုရင် လုံးဝ perfect ပဲ 🤍🖤 အနံ့ထဲမှာ တမျိုး သဘောကျစရာကောင်းတဲ့ထဲ ဒီကောင်လေးပါတယ်။ Citrus ကိုမှ Aromatic Vanille vibe ပြန်ပေးထားလို့ အတော့်ကို အထာကျတယ်။ Energetic ဖြစ်တယ်။ ❞
Inspired by
Men
Blue - Woody - Masculine - Fresh
❝ ဒီကောင်လေးကကျတော့ လူငယ်တွေ၊ လူလတ်တွေနဲ့ လိုက်တယ်၊ Bleu sense ဆိုပေမယ့် နေရာ ရာသီ မရွေးဘူး၊ ထသွားထလာကစ ညဖက်တွေ၊ သင်တန်းသွား/ ကုမ္ပဏီရုံးတက် အကုန်ဖိုင်းတယ်၊ နာမည်လည်း တကမ္ဘာလုံးမှာ အဆမတန် ကြီးလွန်းမက ကြီးပြီးသားဆိုတော့ Blind buy ဝယ်ချရင်တောင် မမှားဘူး။ ❞
Inspired by
Men
Blue - Woody - Masculine - Fresh
❝ BDC လိုပဲ Citrus Opening ပြီးတဲ့အခါ Middle note ရောက်တော့ Aromatic mint လေးက ကြည်လင်ပြီး လှချက် … Dry down က Woody ကို မရောက်ခင်မှာ အလယ်က Aromatic mint ကြည်ကြည်လေး၊ အများစုက Bleu de Chanel ရဲ့ Woody Bleu scent အတိုင်း သွားတယ်၊ ✨ Versatile ဖြစ်တယ်၊ အချိန်နေရာ အသက်အရွယ် မရွေး သုံးမယ်ဆို သုံးလို့ ရတယ်၊ ညဖက်တွေနဲ့ ပိုလိုက်ပေမယ့် ကျန်တဲ့အချိန်တွေလည်း မဆိုးဘူး။ ❞
Inspired by
Women · Summer
Fruity - Cute - Active
❝ လူကြိုက်အရမ်းများကြတဲ့ အသည်းတုံးလေး Chance Eau Fraiche inspired မိန်းကလေးသုံးရေမွှေးထဲမှာမှ အရမ်း fresh ဖြစ်လို့ လန်းဆန်းတက်ကြွပြီး Active Girl လေး ဖြစ်စေတဲ့ အနံ့လေး 💚 (Gym ဆော့တဲ့ မိန်းကလေးတွေအတွက်လည်း ကွက်တိသင့်တော်တဲ့ အကောင်းစား ခပ်မြင့်မြင့် ရေမွှေးလေး ✨) ❞
Inspired by
Women · Summer
Fruity - Cute - Sexy
❝ ချစ်စရာကောင်းတဲ့ ကလေးမလေးတစ်ယောက်ရဲ့ ပုံစံကို အပြည့်အဝ ရစေတဲ့ နာမည်ကျော် Chance lineup ထဲက Chance Eau Tendre 🍭🍬 … Candy Vibe လေးနဲ့ Fruity Floral လေးမို့လို့ အရမ်း ဆွဲဖက်ထားချင်စရာ အနံ့လေး❣️ ❞
Inspired by
Women
Floral - Girly - Musky
❝ သူ့ခေတ် သူ့အခါမှာ Mademoiselle ဆိုလို့ရှိရင် သူ့နာမည်လေးအတိုင်းပဲ တကယ်ကို ရာဇဝင်များရဲ့ အမျိုးသမီးပျိုလေး သတို့သမီးလေး Chanel ရဲ့ Coco Mademoiselle 🥰 အချိန်နေရာမရွေး လိုက်ဖက်နေလို့ မျက်စိမှိတ် ရွေးချင်စရာလေး 💖 ❞
Inspired by
Unisex · Fresh
Fruity Citrus - Woody - Adventure
❝ လုံးဝ Unique ဖြစ်ပြီးတော့ သူ့ရဲ့ Pineapple Citrus ခပ်ရှရှအဖွင့်က လုံးဝ Fresh ဖြစ်စေပြီး တော်တော်ကို စိတ်ကျေနပ်စရာကောင်းစေမှာမို့လို့ King of the Perfume ကြီးက နွေရာသီအတွက် လိုက်ဖက်မှာ သေချာတယ် 🍍🍋 မော်ဒန်ရေမွှေးလောကရဲ့ အပြောင်းအလဲကို စတင်ပေးခဲ့တဲ့ ဘုရင်ကြီး Aventus ဖြစ်ပါတယ်။ ❞
Inspired by
Unisex · Men · Rainy
Green - Deep - Irish - Rain Forest - Nostalgia
❝ ငါ Boy မဟုတ်တော့ဘူး၊ ငါ Man ဖြစ်ပြီကွ ဆိုတဲ့ဘော်ဒါတွေအတွက်”… မိုးရွာပြီးစ မြက်ခင်းစိမ်းကြီးပေါ် လမ်းလျှောက်ရသလို၊ စိမ်းစိုအုံ့မှိုင်းနေတဲ့ သစ်တောအုပ်ကြီးထဲ ရောက်သွားသလို ဖီလင်လေးနဲ့ တော်တော်လေး Gentleman ဆန်တဲ့ ရေမွှေးမျိုးကို ရှာနေတာဆိုရင် Green Irish Tweed ကို မဖြစ်မနေ သုံးကြည့်သင့်တယ်၊ အဖွင့်မှာ စိမ်းစိုသလောက် တဖြည်းဖြည်းနဲ့ Base ရောက်တဲ့အခါ Classic ဖြစ်ဖြစ်၊ Luxury ဖြစ်ဖြစ် Gentleman ဆန်လွန်းလို့ လူရှိန်ချင်စရာကောင်းတဲ့ ရေမွှေး … !! ❞
Inspired by
Unisex · Fresh
Cool - Green tea - Fresh
❝ သူကတော့ လူတိုင်း”နီးပါး” ချစ်တဲ့အနံ့၊ Green Tea ကြိုက်တဲ့သူတွေ အတွက်ကတော့ လုံးဝ perfect ပဲ။ Green Tea နဲ့ ခပ်သက်သက် ခပ်အေးအေးနဲ့ Sandalwood လေးနဲ့မို့လို့ နွေရာသီအတွက် လှပတဲ့ရေမွှေးလို့ ပြောလို့ ရတယ်။ 🍵 🍃 ❞
Inspired by
Men · Summer · Rainy · Fresh
Aromatic - Green - Aquatic - Fresh & Clean
❝ Creed Green Irish Tweed ရဲ့ မပေါ်ခင်က ရှေ့ပြေးရေမွှေးလို့ ပြောလို့ရတယ်။ သူက ပိုပြီး အနံ့ယဉ်လွယ်တယ်လို့ ပြောလို့ရတယ်။ မိုးတွင်းနဲ့ အရမ်းလိုက်တယ်။ ခပ်ကြည်ကြည် ခပ်စိမ်းစိမ်းနဲ့ စိတ်ကို အေးမြစေတယ်။ cool and charm ဖြစ်တယ်။ မိုးတွင်းမှာ ကိုယ့်ရဲ့ အနံ့က အတော်ကို match ဖြစ်နေလိမ့်မယ်။ ❞
Inspired by
Women · Summer · Fresh
Fresh - Floral - Fruity - Clean - Aquatic
❝ သခွါးမွှေးသီးတို့ ရှောက်သီးတို့အပြင် ကြာပန်းအပါအဝင် ပန်းမျိုးစုံအနံ့လေး တွေ ပေါင်းထားတော့ Floral Fruity လေးကိုမှ အေးအေးဆေးဆေးလေး သွားတယ်၊ (Cool Water ၂ မျိုးလုံးက အနံ့ခံရ ခက်တဲ့ထဲမှာ မပါလို့ ပုခုံးအောက်နား ညှပ်ရိုးလေးတွေမှာ အသားကို တချက်စီလောက် ဆွတ်ရင် ရပြီ၊ အဝေးက မရဘူး၊ အနားကပ်မှ ရင်ခွင်ထဲမှာ လှလှလေး ခံစားရမယ်။ 💧💦) ❞
Inspired by
Women
Lady - Romatic - Rossy - Floral - Nostalgia
❝ Miss Dior line ထဲက Blooming Bouquet လေးက ပန်းခင်းကြီးထဲက မိန်းမလှလေး Vibe ကို အပြည့်အဝ ရစေပြီး ကိုယ့်ဆီက အနံ့ရလိုက်တာနဲ့ အွမ်း... ချစ်စရာလေး charming ဖြစ်လိုက်တာ ဆိုတဲ့ အရသာမျိုးလေး သွားတယ်💐💖️ ❞
Inspired by
Women
Powdery - Floral - Clean
❝ သူ့မှာ အရမ်းကို သဘောကျစရာကောင်းတဲ့ note လေးပါတယ်။ အဲဒါကတော့ စိမ်းလန်း စိုပြေတဲ့ မြက်ခင်းပြင်ကြီးရဲ့ အနံ့မျိုး၊ မိုးဖွဲဖွဲရွာပြီးစ မြက်ခင်းစိမ်းတွေကို လေအေးအေးလေး ဖြတ်တိုက်လာရင် ရတဲ့အနံ့မျိုးလေး။ အရမ်းမိုက်တယ်။ အဲဒါကိုမှ နောက်မှာ ပန်းယဉ်ယဉ် လေးတွေ အကုန်ပေါင်းထားတာ ချယ်ရီ၊ နှင်းဆီ၊ စံပယ်မျိုးကွဲ ၂ မျိုး၊ နောက်ပြီး ထိကရုန်းပင် တစ်မျိုးတောင် ပါသေးတယ်။ လေတဖြူးဖြူးနဲ့ ခပ်လှမ်းလှမ်းမှာ ပန်းလေးအချို့ပေါက်နေ တဲ့ မြက်ခင်းစိမ်းစိမ်းပေါ်မှာ စိတ်လွတ်ကိုယ်လွတ် လှဲချလိုက်ရသလို ခံစားချက်မျိုးက ပင်ပန်း နွမ်းနယ်မှုတွေကို သေချာပေါက်ပြေပျောက်စေမှာပါ။ ❞
Inspired by
Unisex
Woody - Unique - Rossy
❝ အနံ့က လုံးဝ Unique ဖြစ်ချင်တဲ့ဘော်ဒါတွေအတွက် နောက်ထပ် စမ်းကြည့်သင့်တဲ့ ရေမွှေးတစ်မျိုးပဲ။ Dior ရဲ့ Priveé Collection lineup ထဲမှာ စျေးကြီးပြီး Best Seller list ထဲမှာ ပါပေမယ့် မြန်မာပြည်မှာတော့ နည်းနည်း underrated ဖြစ်သလိုပဲ။ အရမ်းမပြောဖြစ်ကြဘူး .. 🌹🖤 woody ကိုမှ အတော်ကို rose နဲ့ ပေါင်းထားသာ ဘယ်လောက်တောင် လှလိုက်လဲ … ဒါ့ကြောင့်လည်း ကိုယ် လာရင် “Wow သူပဲ” လို့ သိစေမယ့်အနံ့တွေထဲမှာ အတော်ဖိုင်းတဲ့ deep feeling အရသာပါတယ်။ ❞
Inspired by
Women
Floral Fruity - Girly - Lovely - Romantic
❝တော်တော်လေး သင်းပျံ့ပြီး ရိုးရိုးရှင်းရှင်းလေးနဲ့ လှတဲ့ရေမွှေးလေး … Shower Gel အနံ့ မဟုတ်ဘဲနဲ့ ရေချိုးသန့်ပြန့်နေတဲ့ vibe ကို တော်တော်ရတယ်။ charming အတော်ဖြစ်တယ်လို့ ပြောလို့ရတယ် 💛 ❞
Inspired by
Women
Lady - Romantic - Rossy - Classy - Powdery - Floral
❝ ရေမွှေးသုံးပြီဆိုတာနဲ့ မဖြစ်မနေ စမ်းကြတဲ့ အမျိုးသမီးရေမွှေး၊ လူကြိုက်အရမ်းများပြီးသား Miss Dior EDP လေး၊ ကြော့ရှင်းတဲ့ အမျိုးသမီး၊ အဆင့်အတန်းရှိရှိ အမျိုးသမီးလေးဆန်တဲ့ ရနံ့လေးကို သေချာပေါက်ရစေမယ့် နာမည်ကျော် Miss Dior EDP 2021 version 💖 ❞
Inspired by
Unisex
Oud - Woody - Unique - Deep - Great
❝ အသက် ၂၅ နှစ်အထက် ရင့်ကျက်ပြီး တော်တော်တန်တန် အနေအထား တစ်ခုကို ပိုင်ဆိုင်ထားပြီ၊ အတည်အတံ့ အလုပ်အကိုင်တစ်ခုခု ရှိထားပြီဆိုရင် Purple Oud ကို သုံးကြည့်သင့်တယ်၊ နောက်ပြီးတော့ Unisex မို့လို့ အမျိုးသားရော၊ အမျိုးသမီးရော အိုခေပဲ။ သူ့စတိုင်က ဘောစိဆန်ဆန် အထာကျကျ သွားတယ်။ တော်တော်ကို smooth & fine ဖြစ်တဲ့ oud အနံ့။ ❞
Inspired by
Men · Fresh
Masculine - Citrus - Warm - Woody
❝ရှေ့က Sauvage EDT အောင်မြင်ပြီးတော့ EDP ထွက်လာတယ်။ ရေမိုးချိုးပြီး အပြင်ထွက်တော့မယ်ဆိုရင် လန်းဆန်းသန့်ပြန့်နေတဲ့ကြားက နွေးနွေးထွေးထွေး ခံစားရမယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်နဲ့ပေါ့။ ဘာကွာလဲဆိုရင် သူက နာနတ်ပွင့်လေးပါတယ်၊ EDT ထက် အနံ့ နည်းနည်းလေး ပိုပြီး ကြာကြာခံမယ်။ ❞
Inspired by
Men · Fresh
Masculine - Citrus - Warm - Woody
❝ သူကတော့ Dior Sauvage ရဲ့ ပွဲဦးထွက်၊ စအဖွင့်မှာ အရမ်းကို လန်းဆန်းနွေးထွေးစေပြီး လုံးဝကြီးကို fresh ဖြစ်နေမှာပါ။ သန့်ပြန့်လန်းဆန်းပြီး ဘဲလန်းလန်းအထာဖြစ်ချင်တဲ့သူတွေအတွက်ဆို Sauvage EDT ကို ညွှန်းချင်ပါတယ်။ အခုချိန်ထိ လူကြိုက် အများဆုံးရေမွှေးတစ်မျိုး ဖြစ်ပါတယ်။ ကျောင်းသွား၊ ရုံးသွား နေ့စဉ်သုံးဖို့ အသင့်တော်ဆုံးပါပဲ။ ❞
Inspired by
Men · Fresh · Spicy
Warm Spicy - Fresh Spicy - Unique - Deep
❝ Dior Sauvage ရဲ့ fan လဲဖြစ်တယ်၊ တမျိုးလည်း ဆန်းချင်တယ်ဆိုရင်တော့ Elixir က လုံးဝ အသစ်ဖြစ်စေပါလိမ့်မယ်။ သူက woody ဖြစ်တယ်၊ spicy ဖြစ်တယ်၊ အရမ်းမိုက်တယ်။ Dior Sauvage ရဲ့ လုံးဝ next level ပဲ၊ Niche level ရှိတယ်။ EDT EDP တွေကို ရိုးနေတဲ့သူတွေအတွက် Elixir ထွက်လာတော့ တအားကို ပျော်ကြတာ။ သုံးကြည့် သုံးကြည့် ဘော်ဒါတို့ အရမ်းမိုက်နေစေ ရမယ်ဗျာ။ ❞
Inspired by
Men · Fresh
Masculine - Citrus - Warm - Woody
❝ လန်းဆန်းမှု ၂ ဆ၊ ရှေ့က EDT EDP တွေထက် အခုလို ပူပြင်းတဲ့ နွေရာသီနဲ့ ပိုပြီး လိုက်ဖက်တယ်။ တောကြီးရှောက် တင် မကတော့ပဲ လိမ္မော်လေးပါ အားဖြည့်တော့ တွေးကြည့်ယုံနဲ့ စိတ်ကျေနပ်စရာလေးပါ။ ပြီးရင် tonka bean တို့ vanilla တို့ပေါင်းထည့်တော့ လှလှလေး ရင့်ကျက်စေမှာပါ။ ❞
Inspired by
Women
Lychee - Rose - Fruity - Lady - Attractive
❝ လုံးဝ Cocktail တစ်ခွက်ကို သောက်ရသလို vibe မျိုးလေး ခံစားရတယ်။ Rose Cocktail အရသာမျိုး ကြိုက်တဲ့သူတွေဆို စမ်းကြည့်သင့်တယ် 🍸 Versatile ဖြစ်တယ်ပြောလို့ရတယ်။ ဘယ်အချိန် ဘယ်နေရာမှာပဲဖြစ်ဖြစ် အတော်ကို အထာကျပြီး ကိုယ့်အနားကပ်တာနဲ့ စိတ်ချမ်းမြေ့စရာလေးပါလား ဆိုတာ မျိုးလေး။ ခပ်အေးအေးဆေးဆေးလေးနဲ့ charming ဖြစ်ဖြစ်လေး ခံစားရမယ်။ ❞
Inspired by
Unisex · Summer
Apple - Cucumber - Cool - Lovely - Charming
❝ ချစ်ဖို့ကောင်းတဲ့ တကယ့်ကို ပန်းသီးစိမ်းနံ့ သခွါးသီးနံ့လေးနဲ့မို့လို့ လူကြိုက်အရမ်းများတယ်၊ အရမ်းလည်း မေးကြတယ်ပေါ့နော်။ ပေါ့ပေါးပါးပါး Casual ဖြစ်ဖြစ်၊ Stress အရမ်းများတဲ့အခါတွေ ပင်ပန်းတဲ့အခါတွေမှာ ၆ ချက် ၇ ချက်လောက်ပဲ ဆွတ်ဆွတ် ပြဿနာမရှိဘူး။ လုံးဝ လန်းဆန်းသွားစေတယ်။ လုံးဝ သူ့အနံ့က အေးပြီးတော့ ရေခဲသေတ္တာထဲက ထုတ်လာတဲ့ ပန်းသီးတစ်လုံး ဒါမှမဟုတ် သခွါးသီးတစ်လုံးကို ကိုက်စားလိုက်ရသလိုပဲ။ ❞
Inspired by
Women
Red Apple - Rose - Whipped Cream - Vanilla
❝ အရမ်းချစ်စရာကောင်းတဲ့ ကောင်မလေးတွေအတွက် သေချာပေါက် ရွေးချယ်စရာ နောက်ထပ် love sign ရေမွှေးတလက်လို့ ပြောရမယ်။ အတော်ကို ချစ်ချင်စရာကောင်းလွန်းလို့ ကိုယ့်ရဲ့ကောင်မလေးကို မဖြစ်မနေ ဝယ်ပေးထားသင့်တဲ့ ရေမွှေးထဲမှာ ထိပ်ဆုံးနားမှာ ပါတယ်။ အရမ်းကို မိုက်တယ်။ ❞
Inspired by
Women · Summer
Watermelon - Watery - Body Scent - Soft & Clean
❝ ဖရဲသီးနံ့ သခွါးမွှေးနံ့ အေးအေးလေးကို အမေးများကြတဲ့ sis တို့အတွက် ဒါလေးကို ညွှန်းပေးချင်တယ်၊ တကယ်တမ်းက သူ့နာမည်အတိုင်းပဲ Sorbet သီးစုံဖျော်ရည်ဆန်ဆန်လေး သွားတယ်၊ ထုံးစံအတိုင်း ရေမွှေးတွေကို စားချင်စရာ အချိုပွဲ ဖျော်ရည် အရသာလေးတွေနဲ့ ထုတ်လေ့ရှိတဲ့ Escada ရဲ့ master piece တွေထဲက တစ်ခု ❣️🍧🍉 ❞
Inspired by
Men · Fresh
Fresh - Manly - Citrus - Marine - Casual
❝ သင်တန်းသွား ကုမ္ပဏီရုံးသွား ညနေခင်းကော်ဖီဆိုင်ထိုင် ခရီးသွား ထသွားတလာ ပုံစံမျိုးစုံ သုံးလို့ရပြီး ရေမွှေးကောင်းကောင်း သုံးထားမှန်း သိသာစေတဲ့ အမျိုးသားသုံးရေမွှေး၊ တချို့တွေအတွက် အနည်းငယ် ရိုးကောင်းရိုးနေနိုင်ပေမယ့် ကောင်းနေဆဲ လူကြိုက်များနေဆဲပါပဲ ❞
Inspired by
Men · Fresh
Fresh - Manly - Citrus - Marine - Casual
❝ ADG Pour Homme သုံးလို့ ရိုးလာရင် upgrade လုပ်ပြီး ပြောင်းသုံးကြည့်သင့်တယ်။ ပိုပြီး ဆွဲဆောင်မှုရှိတဲ့ ယောက်ျားတစ်ယောက်ရဲ့ အသွင်အပြင်ပို အပြည့်ရတယ်။ Aquatic ဖြစ်ဖြစ်နဲ့ ကြည်ကြည်လင်လင်နဲ့ကိုမှ spicy လေးလည်း ဖြစ်လို့ အထာတော်တော်ကျတယ်။ ❞
Inspired by
Men · Fresh
Fresh - Manly - Citrus
❝ သူ့ရဲ့ မူလမှာတော့ ဆောင်းရာသီနဲ့ လိုက်တယ်လို့ ရေးထားပေမယ့် ကျနော်ကတော့ နွေရာသီနဲ့ ပိုလိုက်တယ်လို့ ခံစားရတယ်၊ ဆွတ်လိုက်တာနဲ့ အတော်ကို လန်းသွားပြီး ကိုယ့်ဆီမှာ ယဉ်ယဉ်သင်းသင်း ချဉ်ချဉ်လေး ကျန်နေခဲ့တာမျိုးလေး။ ❞
Inspired by
Women
Feminine - Floral - Powdery - Versatility - Lovely
❝ မမတွေ ညီမလေးတွေ အရမ်းကြိုက်ကြတာလည်း မပြောနဲ့၊ သူတို့အနံ့လေးတွေကိုက လူတိုင်းကြိုက်ကြတာ၊ ကိုယ်ဆွတ်ထားရင် “ဘာနံ့လေးလဲ၊ ဘာရေမွှေးလေးလဲ” လို့ အရမ်းအမေးခံရတဲ့အနံ့လေးတွေ❣️ versatile လည်း ဖြစ်လို့ ဘယ်နေရာသွားသွား ဘယ်ချိန်ပဲဖြစ်ဖြစ် လိုက်ဖက်တယ် 😊 ❞
Inspired by
Men · Night
Manly - Aromatic - Spicy - Woody - Night Out - Totally Attractive
❝ Note တွေကို ကြည့်လိုက်ရင် dark ဖြစ်တော့မလိုနဲ့ အတော်ကို ဆွတ်ရလွယ်၊ အနံ့ယဉ်လွယ်ပြီး အနံ့ရလိုက်တာနဲ့ ချက်ချင်း ကောင်းလိုက်တာ ဘာရေမွှေးလဲ ဖြစ်စေမယ့် ရေမွှေးထဲမှာပါတယ်။ Gentleman အတော်ဆန်ပြီး ရှိန်စရာလည်း ဖြစ်မယ်၊ သဘောကျချင်စရာလည်း ကောင်းမယ်၊ အချိန်အခါနေရာမရွေး သိပ်စဉ်းစားစရာမလိုဘဲ ဆွတ်လို့ရမယ့်ဟာမျိုးဆို ဒါကိုသာ ရွေး 🖤 တော်တော်မှ တော်တော်ကြီးကို အနံ့က Soft Perfect ဖြစ်တယ်။ ❞
Inspired by
Women
Feminine - Floral - Versatility - Lovely
❝ သူလေးက floral နဲ့ woody ပေါင်းစပ်ထားတဲ့ ရနံ့လေးဖြစ်လို့ အေးမြကြည်လင်တဲ့ စိတ်ခံစားမှုနဲ့ ခေတ်မီပြီး ကိုယ့်ကိုယ်ကို တည်တည်ငြိမ်ငြိမ်နဲ့ ယုံကြည်မှုရှိတဲ့ အမျိုးသမီးတစ်ဦးရဲ့ အသွင်အပြင်ကို ရယူထားနိုင်ပါတယ်။ ❞
Inspired by
Women
Feminine - Floral - Fruity - Cute - Attractive
❝ Floral Fruity ဖြစ်ဖြစ် feminine fragrance ကိုမှ သေချာပေါက် ကြိုက်မယ့်ရေမွှေးကို ရှာနေတာဆိုရင်တော့ Guilty Pour Femme ပဲ၊ ချစ်ရတဲ့ အမျိုးသမီးငယ်လို့ တင်စားခံရတဲ့အပြင် လူမေးအရမ်းများလွန်းတယ် ❞
Inspired by
Men · Fresh
Manly - Fresh - Lavender - Woody - Casual
❝ ဟောင်းပေမယ့် ကောင်းနေဆဲပဲ၊ Fresh ဖြစ်တယ် ယောက်ျားပီပီသသ ဆွဲဆောင်မှုရှိတယ် Lavender နဲ့ Woody ဖြစ်ဖြစ်နဲ့ အထာကျတယ် ❞
Inspired by
Unisex · Summer
Metal - Cool - Peaceful - Smart - Strong - Metallic
❝ ဒါလေးကတော့ သိပ်ကို Metallic ဖြစ်လွန်းလို့ သတ္တုအေးအေးအနံ့မို့လို့ လုပ်ငန်းခွင်ဆိုတာမျိုးနဲ့ perfect ပဲ၊ လုပ်ငန်းခွင်တို့ ရုံးတို့ဆိုတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု၊ တည်ကြည်မှု၊ မှန်ကန်မှု စတဲ့ အရည်အသွေးတွေ ရှိသင့်တဲ့နေရာမျိုး … Yah H24 က အဲအနံ့မျိုး ကွက်တိ ❞
Inspired by
Women · Sexy
Coconut - Vanilla - Beach
❝ ကြိုက်ကြလွန်းလို့ အမြဲ stock အပြည့် ဖြည့်ထားရတယ်။ juicy ဖြစ်လွန်းတဲ့ fruity floral ရေမွှေးလေးမို့လို့ sexy အရမ်းဖြစ်ပြီး ဆွဲဆောင်မှုအရမ်းရှိတယ်။ sexy ကြိုက်ရင် La Belle က Must try ပဲ။ ❞
Inspired by
Unisex
Coconut - Vanilla - Beach
❝ 🥥 အုန်းသီးနံ့ရေမွှေးလေး စမ်းကြည့်ချင်တယ်ဆိုရင်တော့ ဒါလေးရှိတယ်ဗျ၊ သူကတော့ နည်းနည်းလေး ချိုမယ်၊ လူတိုင်း ကြိုက်ချင်မှ ကြိုက်မယ်၊ အုန်းသီးနံ့လေးကိုမှ ရှောက်နံ့လေးကို ပါတယ်ဆိုယုံလေး ပါပြီး Tonka Bean တို့ Vanilla တို့လို ချိုတဲ့ကောင်လေးတွေနဲ့ တော်တော်ကို လှလှလေးပေါင်းထားလို့ ချိုချိုလေးနဲ့ ချစ်စရာကောင်းတဲ့ အနံ့မျိုးလေး၊ မိုက်တယ် အနံ့ဆန်းဆန်းလေးနဲ့ အထာကျတယ် ❞
Inspired by
Men · Night
Vanilla - Attractive - Night Out - Party
❝ ယောက်ျားဆန်ဆန် အနံ့မျိုးကိုမှ သူက classic sexy attractive အဲလိုလေး သွားတယ်၊ တခေတ်တခါက ဆော်ကြည်ဘဲတွေ ကလပ်ဘဲတွေ မပါမဖြစ် ရေမွှေးပေါ့၊ Lavender ရယ် Mint ရယ် Vanilla ရယ်နဲ့ အတော်ကို ချိုအေးအေးလေး သွားပြီး Attractive Man ဆန်တယ် 🖤 ❞
Inspired by
Men · Night
Attractive - Deep - Seductive - Night Out - Party
❝ LOVE or HATE 2023 ရဲ့ ဟစ်အဖြစ်ဆုံး ရေမွှေး၊ အရမ်းဟိုက်နေတဲ့ ရေမွှေး …၊ လူတိုင်း တသသပြောကြ ညွှန်းကြ ဟိုက်နေကြလောက်အောင် တကယ်ပဲ အရမ်းကောင်းသလား၊ သူ့ရှေ့က ထွက်တဲ့ Le Male တို့ Le Male Le Parfum တို့ထက်တောင် ပိုကောင်းတာလား၊ တကယ်တမ်း ကိုယ့်အကြိုက်ရော ဖြစ်ပါ့မလား … !! ❞
Inspired by
Men · Night
Attractive - Deep - Seductive - Night Out - Party
❝ Night Out Vibe ဖြစ်ရမယ် Sexy ဖြစ်တာလေးလည်း လိုချင်တယ် Have Fun & Cozy လည်း ဖြစ်ရမယ် ပုံမှန်ညတွေနဲ့လည်း ကွဲထွက်ပြီး လုံးဝ Unique ဖြစ်နေရမယ် Dominant လည်း ဖြစ်ချင်တယ် ဆိုရင်တော့ Le Male တို့ Eros တို့လို ခပ်ပျော်ပျော် ပါတီရေမွှေးတွေ ကြိုက်တယ်၊ ဒါပေမယ့် အဲဒါတွေထက်လည်း ပါဝါကြီးတဲ့ကောင် ဖြစ်ချင်တယ် ဆိုရင် Night King တပါးဖြစ်တဲ့ Le Male Le Parfum ကို inspired ထားတဲ့ကောင်လေးကို မိတ်ဆက်လိုက်ပြီဗျာ ❞
Inspired by
Women · Sexy · Night
Sweet - Seductive - Sexy
❝ ရည်းစား ၅ ယောက်ရမယ့် ရေမွှေးဆိုပြီး အရမ်းနာမည်ကြီးတဲ့ sexy ရေမွှေး၊ အနံ့ ရလိုက်တာနဲ့ ဆွဲဆောင်မှုပြင်းထန်တဲ့ရေမွှေးမျိုးဆိုတာ Jean Paul Gaultier ရဲ့ Scandal ကို ပြောတာလို့ ကျနော်ထင်တယ်။ လိမ္မော် ၂ မျိုးနဲ့ ပျားရည်နဲ့ သကြားရည်ကျိုပြီး မွှေးတက်လာတဲ့ ကြားရတာနဲ့တင် Wow …. Sexy ဖြစ်တယ်၊ Sweet ဖြစ်တယ်။အရမ်းဆွဲအားပြင်းတယ်။။ ရည်းစား ၅ ယောက် တကယ် ရ/ မရကတော့ သုံးဖူးတဲ့ sis တို့ကို မေးကြည့်မှရမယ်။ ❞
Inspired by
Women · Sexy · Night
Floral Fruity - Sexy - Sweet - Musky
❝ Raspberry သီးနံ့လေးကိုမှ နို့နံ့လေးနဲ့ ပြန်ရောထားတော့ Raspberry Milkshake လေးကိုမှ စံပယ်ပွင့်လေး တင်ထားသလိုမျိုး ပြေးမြင်မိတယ်။ ချိုအီလေးနဲ့ အရမ်း sexy ဖြစ်တယ်။ တော်တော်ကို သဘောကျစရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ အထာမျိုးလေး သွားတယ်။ Evening Date တွေ Night Out တွေ Special Date တွေအတွက် ရွေးဖို့ကောင်းတယ်။ ❞
Inspired by
Women
Floral - Lady - Smart - Versatile
❝ Peony ပန်းရနံ့ နဲ့ Suede Leather ကို ကြွကြွလှလှလေး ပေါင်းစပ်ပေးထားတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး Elegant နဲ့ Romance Vibe ခံစားရစေလို့ စိတ်ကျေနပ်မှုပေးစွမ်းနိုင်တဲ့ ရနံ့မျိုးလေး ❞
Inspired by
Women · Summer
Floral - Lady - Smart - Versatile
❝ ဆိုဖွယ်ရာမရှိ၊ သူများဆွတ်ထားရင်တောင် ကိုယ်က အရမ်း စိတ်ချမ်းသာရတဲ့အနံ့၊ ခပ်အေးအေးလေး Fruity ဖြစ်တယ်၊ ရုံးသွား သင်တန်းသွား ကိုယ့်ဆီက ရေမွှေးနံ့က အခန်းထဲက တခြားသူတွေကိုပါ ချစ်ဖို့ကောင်းတဲ့ လန်းဆန်းတက်ကြွမှုမျိုးကို ကူးစက်စေတယ်။ မိန်းကလေး ၁၀၀ မှာ ၉၈ ယောက် ၉၉ ယောက် ချစ်မယ့်အနံ့မျိုးလေး ဆောင်ကို ဆောင်ထားသင့်တဲ့ထဲမှာ ပါတယ် 🍐 ❞
Inspired by
Unisex
Floral - Lady - Aquatic - Versatile
❝ 🌊 ရေပတ်လည်ရံတဲ့အရပ်ဒေသမှာဆိုရင် တကယ်ကို Perfect ပဲ၊ စိတ်ကြည်လင်မှုကို double မြှောက်ပေးသလို ဖြစ်သွားတာ၊ Aquatic ကိုမှ စိမ်းလန်းတဲ့အနံ့တွေ ချိုတဲ့အနံ့တွေ သင့်တင့်ယုံ ပါးပါးကပ်ထားတာ တော်တော် ကို လှတယ်၊ ဘိတ်ကျွန်းစုတို့ ငပလီတို့ ချောင်းသာတို့ အင်းလေးတို့ အဲလိုဖက် တွေမှာ နေကြတဲ့သူတွေ သွားလည်ကြမယ့်သူတွေ try ကြည့်သင့်တယ်၊ အကယ်၍ ဘယ်မှ မသွားရလို့ အိမ်မှာနေရင်း ကမ်းခြေ vibe ရချင်တယ်ဆိုလည်း try ကြည့်သင့်တယ် ❞
Inspired by
Women · Rainy
Floral - Lady - Green
❝ ရင့်ကျက်တဲ့အမျိုးသမီးဆန်တဲ့ အနံ့လေး မိန်းကလေးတွေကြားမှာ အတော်ကို ရေပန်းစားတယ်။ နွေနဲ့လိုက်ပြီး အတော်ကို လှလှပပအနံ့မျိုးလေး။ သူ့ရဲ့အထာက တည်ငြိမ်တယ်၊ ရင့်ကျက်တယ်၊ တပြိုင်ထဲမှာ သူ့အနံ့က သွက်တယ်၊ အထင်ကြီး ရတဲ့ မမတွေအတွက် စမ်းကြည့်သင့်တဲ့ ရေမွှေးလို့ ပြောလို့ရတယ် 🤍 ❞
Inspired by
Unisex · Rainy
Sea - Beach - Clean
❝ ပင်လယ်ရနံ့ကို အပြည့်ရတဲ့ ရေမွှေးတွေထဲက တစ်ခု၊ ယဉ်တယ်၊ ကြည်တယ်၊ ရင်းနှီးတယ်၊ ကမ်းခြေမှာ ပင်လယ်ကို ဖြတ်ပြီး လာတဲ့ ဆားဓာတ်ပါတဲ့ လေပြေလေးကို ချစ်သူရဲ့ ရင်ထဲမှာ အသာလေး နမ်းရှိုက်ကြည့်လို့ ရတယ် 🌊 🍃 ❞
Inspired by
Unisex · Sexy · Spicy
Night - Party - Date
❝ Kilian ရဲ့ နာမည်အကြီးဆုံး လူကြိုက်အများဆုံးတွေထဲကမို့လို့ အထူးညွှန်းစရာ မလိုတော့ဘူး၊ အတော်ကို အထာကျတဲ့ ကော့ညက်အနံ့ကိုမှ Vanilla လို ချိုတာလေးရယ်၊ ဝက်သစ်ချသားရယ်ပြန်ပေါင်းပြီး တအားအထာကျတယ်၊ နွေနေ့ဖက်နဲ့တော့ လုံးဝ မလိုက်ဘူး၊ Night Out တွေ Evening Date တွေမှာဆို လန်ပြန်ထွက်သွားမယ်၊ လုံးဝ Sexy ကျပြီး ဆွဲဆောင်အားပြင်းတဲ့ ရေမွှေးလို့ ပြောလို့ရတယ်။ ❞
Inspired by
Unisex · Night · Winter
Night - Party - Date - Beast
❝ ဒီညနေ ကောင်မလေးနဲ့ ဒိတ်ဖို့ ရှိတယ်ဆိုရင် ဘာနဲ့မှ မတူတဲ့၊ သူ့ ex တွေဆီကလည်း ရဖူးမှာ မဟုတ်တဲ့ ဒီကောင်လေးကို သုံး၊ ပန်းသီးစိမ်းလေးနဲ့ ပါတယ်ဆိုယုံ စဖွင့်ပြီးတော့ ဆေးရွက်ကြီးနံ့ရှတတရယ်၊ မီးခိုနံ့မှိုင်းမှိုင်း သင်းသင်း ရယ်၊ Vanilla ရယ် လုံးဝ perfect ပဲ၊ ဆွတ်ရခက်တယ်၊ နွေနေပူပူနဲ့ မလိုက်ဘူး၊ အချိန်မှန် နေရာမှန်မှာ ကွက်တိဆွတ်ရင် ရင်ခွင်ထဲကနေ ရုန်းမထွက်ချင်မယ့် Beast Mode 🖤 ❞
Inspired by
Women
Musky - Milky - the Best Musky Perfume ever
❝ အဆင့်အတန်းရှိတဲ့ နှစ်လိုဖွယ်ရာ အမျိုးသမီးရနံ့ 🤍 လူချစ်လူခင်များတဲ့ ကောင်လေး Another 13 …! Milky Musky ဖြစ်ဖြစ်နဲ့ သန့်သန့်ပြန့်ပြန့် vibe မျိုးလေး ❞
Inspired by
Unisex
Lavender - Clean - Fresh - Soapy
❝ Suvanna မှာ အခု မကြာသေးခင်ကမှ အသစ်ထွက်ထားတဲ့ Le Labo inspired လေး။ Another 13 တို့ Santal 33 တို့ သုံးဖူးကြသူတိုင်း ကွာလတီကို သိကြတာပါပဲ ❣️ တော်တော်ကောင်းတဲ့ Lavender နံ့ကို လိုချင်သူတွေအတွက် absolute choice!! ❞
Inspired by
Unisex
Fine Sandalwood
❝ စန္ဒကူးသစ်မွှေးနံ့ကိုမှ Iris တို့ Violet တို့ ပေါင်းထည့်ထားပြီး Powdery ဖြစ်ဖြစ်လေး ပေါင်းထားတယ်၊ တကမ္ဘာလုံးမှာ နာမည်ကြီးပြီးသား လူကြိုက် အရမ်းများတဲ့ Woody Fragrance 🤎 ❞
Inspired by
Women
Floral - Lady
❝ သူကလေ တစ်မျိုးတော့ အမြဲရနေကျ ချိုတာ၊ အီတာ၊ Fresh ဖြစ်တာ တွေရဲ့ တိတိကျကျမရှိဘဲနဲ့ အဲ့ဟာတွေရဲ့ ကြားက တည်ငြိမ်ပြီး ထူးခြားတဲ့ အနံ့တစ်ခု … အဲ့မှာမှ Paris ဆပ်ပြာနံ့လိုမျိုးသင်းသင်းလေး ရိုက်ထည့်ထားတာမျိုး 🍀 ငယ်ဘဝရဲ့ ကောင်းမွန်တဲ့ခံစားချက်တစ်စုံတစ်ခုကို ရနံ့ အနေနဲ့ သတိရသွားစေ တယ် 😊 Unisex ရမယ်နော် ❞
Inspired by
Unisex
Aquatic - Fruity - Floral - Unique Luxury
❝ သစ်တော်သီးနံ့လေးကိုမှ ကြည်ကြည်လင်လင်လေးနဲ့ ယဉ်ယဉ်လေး၊ စိတ်ကို အေးမြစေပြီး ချစ်ခင်စိတ်ဖြစ်စေမယ့် ရေမွှေးလေး၊ ချစ်သူရယ် အေးမြလိုက်တာ လို့ ရေရွတ်ရမယ့် အနံ့မျိုးလေး၊ ဘုရားသွား ကျောင်းတက် အတူတူ ယဉ်ယဉ်လေးနဲ့ ချစ်သူ vibe အပြည့် ❞
Inspired by
Unisex · Night · Winter
Greatness - Unique - High End Luxury
❝ ဒီကောင်ကတော့ ကျွန်တော် အမြဲပြောနေကျအတိုင်း လုံးဝ စော်ဘွားတစ်ယောက်ယောက်၊ မဟာရာဇာတစ်ယောက်ရဲ့ အထာမျိုးကြီး။ ပုံမှန်ဆိုရင်တော့ ဘာနံ့ကြီးလဲဆိုတာမျိုး ဖြစ်တတ်လို့ beginner တွေအတွက်တော့ ကျွန်တော် recommend မပေးဘူး။ ဒါပေမယ့် ရေမွှေးဆိုတာက စမ်းကြည့်ရင်း စမ်းကြည့်ရင်းနဲ့မှ အရသာကို သိသွားရင် လုံးဝ မြတ်နိုးသွားတဲ့အရာမျိုးဆိုတော့ စမ်းကြည့်စေချင်တယ်။ ❞
Inspired by
Unisex
Rose - Powdery - Green
❝ နှင်းဆီ ၃ မျိုး ပေါင်းထားပြီး နှင်းဆီနံ့ လန်းလန်းဆန်းဆန်းကို ရစေတယ်။ မိန်းကလေး အရမ်းဆန်ပြီး ကျက်သရေရှိတဲ့ Sparkling Rose Fragrance 🌹 ❞
Inspired by
Women
Rossy - Lady - Beautiful
❝ အတော်ကို နူးညံ့တဲ့ မမတွေ၊ ခပ်အေးအေးနဲ့ ချစ်စရာကောင်းတဲ့ ညီမလေးတွေနဲ့ လိုက်တယ်လို့ မြင်တယ်။ ကိုယ့်မှာသာ အဲလို ပြုံးပြုံးလေးနဲ့ ရင်ထဲအေးမြရတဲ့ ချစ်သူ ဒါမှမဟုတ် Crush ရှိတယ်ဆိုရင် ချက်ချင်း လက်ဆောင်ပေးသင့်တဲ့ရေမွှေးလို့ ထင်တယ် 💝 (အမေတို့ အဒေါ်တို့ကို လက်ဆောင်ပေးရင်လည်း မဆိုးဘူး ပြောလို့ရတဲ့ထဲမှာ ပါတယ်) ❞
Inspired by
Unisex · Summer · Rainy · Fresh
Clean - Cool - Gentleman
❝ ကြည်တောက်ရှင်းရနံ့လေးနဲ့ သန့်သန့်လေး အဆင့်အတန်းရှိရှိအနံ့လေး၊ အေးအေးကြည်ကြည် juice လေးတစ်ခွက် cocktail လေးတစ်ခွက် သောက်လိုက်ရသလို ဖီလင်လေး ခံစားရမယ်၊ ကြည်လင်သန့်ပြန့် အေးချမ်းတဲ့ ချစ်သူရင်ခွင်ပေါ့ 🩵🍸 ❞
Inspired by
Unisex · Winter · Sexy · Night
Aquatic - Fruity - Floral - Unique Luxury
❝ ကမ္ဘာမှာ ၂၀၂၁/၂၀၂၂ ရဲ့ trend ဖြစ်သွားပြီး တကမ္ဘာလုံးမှာ အဆွတ်ကြဆုံး ရေမွှေးလို့တောင် ပြောလို့ရတယ်၊ အနံ့က Caramel Burnt ချိုချိုခါးခါးနဲ့ လုံးဝကို စွဲမက်စရာ ကောင်းလွန်းတယ်၊ ကိုယ့်ကောင်မလေး ဆွတ်ထားရင် သူ့ရင်ခွင်ထဲက ရုန်းမထွက်ချင်တော့မယ့် ဆွဲအားမျိုး တကယ်ကြီး အပြည့်ရှိတယ်၊ နောက်ပြီး အဆင့်မြင့်ရေမွှေးနံ့ဆိုတာ ဘာလဲဆိုတာမျိုးကို တချက်ထဲနဲ့ နားလည်သွားစေမယ့် အနံ့မျိုးလေး ❞
Inspired by
Unisex · Winter · Sexy · Night
High end Luxury - Sexy - Caramel Burnt - Clean - Unique
❝ BR 540 ကိုမှ သူက Almond လေး ထည့်ပေးထားပြီး နည်းနည်း ပိုပြီး mature ဖြစ်သွားတယ်လို့ ခံစားရတယ်၊ ကျန်တာကတော့ BR540 နဲ့ အတူတူပဲ ❞
Inspired by
Women
High Class - Musky - Powdery
❝ မောင်လေးတွေ ကျိတ်ပြီး ကြွေရမယ့် အထက်အရာရှိမမ အထာမျိုး🪽နူးညံ့သိမ်မွေ့တဲ့ White Floral Musky ရေမွှေးကောင်းကောင်းတစ်ခုကို ရှာ နေတာဆိုရင် 724 ကို မျက်စိမှိတ်ပြီး ရွေးချယ်လို့ ရပါတယ်၊ တည်ငြိမ်တဲ့ မမတွေ၊ ရုံးတက် ကျောင်းသွား၊ ရင့်ကျက်ပြီး တော်တဲ့ မမတွေ၊ စမက်ကျကျ အထာကျကျနဲ့ နည်းနည်း အထက်လူကြီးဆန်စေတယ်၊ ကျွန်တော် အပေါ်မှာ ပြောခဲ့သလိုပဲ မောင်လေးတွေ ကျိတ်ပြီး ကြွေရမယ့် အထက်အရာရှိမမ အထာမျိုး ❞
Inspired by
Men · Summer · Fresh
Citrus - Fruity - Fresh - Versatile - Manly - Adventurous
❝ Creed Aventus ကို ကြိုက်ရင် Explorer ကိုလည်း ကြိုက်လိမ့်မယ်။ နာနတ်သီးနံ့ကဲတဲ့ citrus fresh လေး… ကျွန်တော့်အတွေ့အကြုံအရဆို compliment လည်း အရမ်းရတဲ့ရေမွှေးလို့ ပြောလို့ရတယ် 🍍 လူတိုင်းနီးပါး သဘောကျတဲ့အနံ့မျိုးထဲမှာ ပါတယ် ❞
Inspired by
Men · Night
Man Fruity - Sweet - Lavender - Attractive - Night Out
❝ Night out တွေ evening date တွေမှာ အထာကျကျနဲ့ Manly Sweety သွားချင်ရင်တော့ Legend … Fruity ဖြစ်ဖြစ်လေးနဲ့ လုံးဝ မိုက်တယ်၊ အတော်လှတဲ့ ရေမွှေးထဲမှာ ပါတယ် 🖤 ❞
Inspired by
Men · Summer
Aromatic - Minty - Fresh - Travel - Day Time
❝ ဆွတ်ထားတဲ့သူကိုယ်တိုင်ရော၊ ဘေးကလူရော စိတ်ကြည်လင်စေတဲ့ အနံ့မျိုးလေး …။ ကိုယ့်နား ကပ်လိုက်တာနဲ့ စိတ်ချမ်းသာရတယ်။ ကိုယ်က စိတ်ရှုပ်နေတဲ့အချိန်တွေ၊ ပင်ပန်းနေတဲ့အချိန်တွေဆိုရင်လည်း ၂ ချက်လောက် ဆွတ်လိုက်ရင် အတော်လေး အဆင်ပြေတယ်။ တော်တော်လေးကို fresh ဖြစ်ပြီးတော့ watery ဆန်ဆန်လေး သွားတယ်။ aromatic ဖြစ်တယ်။ ❞
Inspired by
Unisex · Summer
Clean - Cool - Cold - Peaceful
❝ Tea နံ့ စဖွင့်ပြီးတာနဲ့ အေးအေး ကြည်ကြည်လေး တချိန်လုံး ကျန်နေခဲ့တာက အတော်ကို ချစ်စရာကောင်းတယ်။ စပြီး ဆွတ်ဖူးစကဆို တော်တော်ကြည်လင်တဲ့ အနံ့ ကောင်းလိုက်တဲ့အနံ့ လို့ ခဏခဏ ရေရွတ်မိတဲ့ထိပဲ။ Junction City နံ့လို့လည်း လူသိများတယ် ❞
Add a review [BETA] | ↑ Top
Inspired by
Unisex · Summer
Aromatic - Minty - Fresh - Travel - Day Time
❝ Watery ဖြစ်တယ် ချိုတယ် ချစ်စရာ သိပ်ကောင်းတယ်၊ စိတ်တအား လန်းစေတယ်၊ ရုံးမှာ Complement ရမယ့် ရေမွှေးမျိုး၊ ဆွတ်ထားတဲ့သူတင်မကဘဲ ကိုယ့်ဘေးကလူပါ စိတ်ချမ်းသာရတယ်ဆိုတာ ဒီကောင်လေးပဲ၊ (စကားမစပ် ဒီရေမွှေးကို ပျားလေးတွေလည်း တအားချစ်တယ် 🐝) ❞
Inspired by
Women
Lychee - Rose - Lady - Luxury - Woody
❝ Long lasting အရမ်းဖြစ်ပြီး ကျက်သရေရှိတဲ့ Feminine Vibe ဆိုရင်တော့ Delina ကို Fully Recommend ပါ 💜 ပုံမှန်ဆို နှင်းဆီနံ့ မကြိုက်တဲ့ ကိုယ်တွေ တောင် Delina ကိုတော့ အရမ်း အရမ်း ကြိုက်တာပဲ 💕 Causal, Daily, Special Events တွေနဲ့ အချိန်အခါရာသီမရွေး လိုက်ဖက်မှုရှိလို့ Suvanna ကနေ inspired ပြန်ထုတ်တဲ့အထဲမှာ Best Seller လေး ဖြစ်နေပြီ 🥰 ❞
Inspired by
Men · Winter · Night
Green Apple - Warm & Spicy - Night Out - Party - Attractive
❝ ဆော်မကြည်သေးတာ မဟုတ်ဘူး၊ Layton မဆွတ်ရသေးတာပါ လို့ ပြောလေ့ရှိကြတယ်ပေါ့နော် 😆 တကယ် ဟုတ် မဟုတ် ကတော့ တကယ် စမ်းကြည့်မှပဲ သိမှာ။ အကောင်းတကာ့ အကောင်းဆုံး high end boss တွေရဲ့ လက်စွဲတော် Layton!! Creamy အရမ်းဖြစ်တဲ့ ပန်းသီးစိမ်းကို blender ထဲ ထည့်ကြိတ်ထားတဲ့အနံ့ကိုမှ Cardamom နဲ့ Vanilla Lavendar နဲ့ Woody ဖြစ်ဖြစ်သွားတယ်၊ Fresh & Fruity ဖြစ်တဲ့ feminine ဆန်ဆန် ပန်းသီးနံ့မျိုး မဟုတ်ဘဲ အတော်ကို warm & spicy ဖြစ်တဲ့ အထာကျတဲ့ dark ဆန်ဆန် night out party fragrance မျိုး ❞
Inspired by
Men · Night
Manly - Fresh - Citrus - Woody
❝ ဘရိုတို့အတွက် Trending ဖြစ်နေတဲ့ Prada ရဲ့ Ocean Luna Rossa … 2021 ကတည်းက ထွက်ခဲ့ပေမယ့် အခုနောက်ပိုင်း အတော်ကို နာမည်ကြီးပြီး လူကြိုက်များ လာတဲ့ Ocean Luna Rossa 💙🌊 Lavender နဲ့ Violet အဓိက ခပ်ချိုချို မွှေးမွှေးနဲ့ Powdery Musky ဖြစ်ဖြစ် သွားတဲ့ အမျိုးသားသုံးရေမွှေးမို့လို့ ညဖက်တွေ ညနေခင်း တွေ dating ဖြစ်စေ၊ night out ဖြစ်စေ အရမ်းမိုက်တယ်၊ ဆွဲဆောင်မှု အပြည့်ပဲ၊ တပြိုင် တည်းမှာ လုံးဝ မအီပဲ အဖွင့် Citrus Opening က ဖြည့်ပေးထားတယ် မိုက်တယ် ❞
Inspired by
Unisex
Jasmine - Vanilla - Coffee
❝ နာမည်ကျော် Coffee Break. နာမည်မှာ Coffee ပါပေမယ့် Coffee နံ့လေးရယ်လို့ ကဲပြီး ရဖို့ထက် ကော်ဖီဆိုင်မှာ ထိုင်ရတဲ့ဖီလင်လေးကို ပိုပြီး ပေးစွမ်းနိုင်တယ်။ ခပ်လှလှနဲ့ smart ဖြစ်တဲ့ အဝတ်အစား ကိုယ်နေဟန်ထားလေးနဲ့ ကော်ဖီဆိုင်ထဲမှာ လှလှကြော့ကြော့လေး ထိုင်နေရတဲ့ ဖီလင်လေးနဲ့ ဆင်တယ်။ ❞
Inspired by
Unisex
Cherry - Rose - Geranium - Davana
❝ သူ့ရဲ့ နာမည်လေးအတိုင်းပဲ Date တွေမှာ စမ်းကြည့်သင့်တယ်။ အတော်လေး နူးညံ့ပေမယ့် Powerful ဖြစ်တယ်လို့ ခံစားရတယ်။ နေ့ရော ညပါ သုံးလို့ အဆင်ပြေတယ်။ ❞
Inspired by
Unisex · Winter · Night
Rum - Leather - Tobacco - Night Out - Cozy - Warm - Sexy
❝ Jazz bar တစ်ခုမှာ ဆေးလိပ်ဖွာရင်း Rum တခွက်ကို အေးအေးဆေးဆေး သောက်နေတဲ့ ဂျာကင်နဲ့ ဂျင်းဘောင်းဘီနဲ့ ၂၅/ ၂၆ နှစ်အထက် ခပ်မိုက်မိုက် ဘဲကြီးတစ်ယောက်ကို မြင်ယောင်ကြည့်လိုက်ဗျာ။ ဂီတသံတွေနဲ့ပေါ့။ Bar တွေ Club တွေအတွက် အဆင်ပြေတယ်၊ Night out တွေအတွက် ဖိုင်းတယ်၊ Night date တွေအတွက် မိုက်တယ် ❞
Inspired by
Women
Bedsheet - Clean - Soapy - Musky
❝ အိပ်ရာခင်းအဖြူ၊ ခေါင်းအုံးအဖြူလေးပေါ်မှာ ရှပ်အင်္ကျီအဖြူလေး ကပိုကယိုနဲ့ ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် အိပ်ပျော်နေတဲ့ ခပ်လှလှ ခပ်အေးအေး အသားဖြူဖြူ ကောင်မလေးတယောက်ရဲ့ vibe လေး 🤍🤍 တခါလောက် စမ်းဖြစ်အောင် စမ်းကြည့်ကြည့်၊ ဒါမှမဟုတ် ကိုယ့်ရဲ့ အဖြူရောင်သတို့သမီးလေး 👰🏻♀️ ❞
Inspired by
Unisex · Winter · Night
Rain - Green - Aquatic - Earthy
❝ မိုးရွာပြီးရင် ရလေ့ရှိတဲ့ စိမ်းစိမ်းစိုစို မြက်ခင်းပြင်ကြီးကို လေတိုက်လာတဲ့ အနံ့မျိုးကို ပုံဖော်ထားတဲ့ Green Note ရယ်၊ earthy ဖြစ်ဖြစ် မြေသင်းနံ့ရယ်၊ watery note လေးရယ်ကို woody ပါးပါးလေးရယ် Pachouli ရဲ့ ခပ်မွှေးမွှေး ချိုချိုအနံ့လေးရယ်ပေါင်းထားတာ၊ မကြိုက်တဲ့သူတွေအနေနဲ့ကလည်း Green note ကို မကြိုက်တာရယ်၊ Earthy ဖြစ်တဲ့ အနံ့ကို အပြင်မှာ ကြိုက်ပေမယ့် ရေမွှေးအနေနဲ့ ခံစားရခက်တာရယ်ကြောင့် ဖြစ်တာများတယ်။ ကြိုက်တဲ့သူတွေ ကလည်း အဲဒီအနံ့တွေကို တကူးတက ကြိုက်ကြတာကိုလည်း တွေ့ရတယ်။ ❞
Inspired by
Unisex
Lavender - Aromatic - Mint - Night Out - Attractive - Sexy
❝ ရိုးရိုးလေးပဲ သန့်ပြန့်နေမယ်။ ညနေ ရေချိုးအပြီး အပြင်လေးဘာလေး ထွက်ရင် ကြည်ကြည်လင်လင်လေး နဲ့ ယောကျာ်းဆန်ဆန် vibe ကို အပြည့်ပေးနိုင်တယ်။ ပုံမှန် သုံးနေကျ အမျိုးအစားတွေအစား ဒါမျိုးလေး စမ်းသုံးကြည့်စေချင်တယ်။ အလှည့်အပြောင်းလေး ဖြစ်တာပေါ့။ ❞
Inspired by
Unisex
Peach - Cocktail - Charming
❝ သူက သစ်တော်သီးရယ် လိမ္မော် သီးရယ် ရမ် ကော့ညက် woody လေးတွေရယ်ကို အထာကျနေ အောင် ဖန်တီးထားတဲ့ အမျိုး အစားလေး။ နေ့ရော ညရော နွေ မိုးဆောင်းမရွေး ကျား/မ မရွေး အဆင်ပြေတယ်။ ချိုချဉ်ခါးနဲ့ သစ်နံ့နဲ့ အရမ်းလှတယ်။ Bitter Peach ကို Lost Cherry နီးပါး ချစ်တယ်။ ❞
Inspired by
Unisex · Spicy
Wealth - Deep & Dark - Unique - Boss - Ceremony
❝ အမျိုးသမီးတွေအတွက် ဆောင်း ညနေညချမ်းလေးတွေနဲ့ လိုက်ဖက်မယ့် ချိုချိုနွေးနွေးလေး သွားတယ်။ ချစ်တတ်တဲ့ အသက်၂၅ နှစ်အထက် မမတွေ night out တဲ့အခါ၊ chill တဲ့အခါ သုံးကြည့်သင့်တယ်။ အိမ် မှာနေရင်းဆိုလဲ ကျားကျားက ချစ် စိတ်ပေါ်မယ့် အနံ့လေးပေါ့။ ❞
Inspired by
Unisex
Rossy - Coffee - Coffee Date
❝ ကော်ဖီနံ့ နဲ့ နှင်းဆီနံ့ပဲ ဒါပေမယ့် ကော်ဖီနံ့ သိပ်မရပဲ Rose ဖက်ကို သိသိသာသာ ဇောင်းပေးတယ်။ နှင်းဆီနံ့ ကြိုက်တဲ့သူတွေဆိုရင်တော့ စမ်းကြည့် သင့်တယ်။ ကျနော်တော့ မကြိုက်ဘူး။ နှင်းဆီနံ့ ကြိုက်တတ်ရင် blind buy တောင် ဝယ်လို့ရတယ်။ ❞
Inspired by
Women · Winter · Sexy · Night
Cherry - Cocktail - Smoky - Luxury - Addictive - Apricot
❝ Lost Cherry ရဲ့ အမြွှာညီမတွေထဲက Cherry Smoke ကတော့ Lost Cherry နဲ့ vibe အတူတူပဲ။ ဒါပေမယ့် သူက ပိုပြီး Dark ဖြစ်တယ်။ အထာကျတဲ့ နှုတ်ခမ်းနီရဲရဲနဲ့ ဝတ်စုံအနက်နဲ့ မမ ပိုဆန်တယ်။ အသက်ငယ်တဲ့ မောင်လေး တွေဆို ရုန်းမထွက်နိုင်လောက်မယ့် ညှို့အားမျိုး Dominant Power အပြည့် ရတယ်။ ရာသီအချိန်ခါပေါ် လိုက်ပြီး ခပ်ခွါခွါကနေ ၂ ချက်လောက်ပဲ ဆွတ်ရင် ရပြီ။ (မက်မွန်သီးကြောင့်မို့လို့ ဆားငံသီးဖျော်ရည်နံ့လေး ပါးပါးရမယ်) ❞
Inspired by
Men
Rain - Green - Aquatic - Earthy
❝ အသက် ၃၀ ကျော် တည်ငြိမ်တဲ့ လူကြီးအထာ သွားချင်တယ်ဆိုရင် ဒီကောင် လေး သုံးကြည့်ပါ။ ကုမ္ပဏီရုံးသွား၊ အစည်းအဝေးတက်၊ မင်္ဂလာဆောင်သွား ဒီလို နေရာမျိုးတွေမှာဆိုရင်လည်း Gentleman ဆန်ဆန်မျိုးပေါ့။ ❞
Inspired by
Women · Winter · Sexy · Night
Cherry - Rum - High Class - Seductive - Luxury - Unique
❝ Luxury တအားဆန်တဲ့ ညနေခင်း မျိုး။ ပြောရရင် အမျိုးသမီးသုံး ရေမွှေး တွေထဲမှာ ကျနော် အကြိုက်ဆုံးလို့တောင် ပြောလို့ရတယ်။ အသက် ၂၅ နှစ် အထက် ရင့်ကျက်ပြီး လုံးဝ Luxury & Attractive ဖြစ်တဲ့ မမတွေနဲ့ လုံးဝ လိုက်ဖက်နေ လိမ့်မယ်။ စစသုံးချင်းတော့ အနံ့ယဉ်ချင်မှ ယဉ်လိမ့်မယ်။ ❞
Inspired by
Unisex
Fresh - Floral - Calm
❝ လန်းလန်းဆန်းဆန်း သန့်သန့် ရှင်းရှင်းလေး စိတ်ကို ကြည်လင် သွားစေတယ်။ ဘော်ဒါတို့က Fresh ဖြစ်တဲ့ကောင်တွေကြိုက်တယ်၊ ဒါပေမယ့် ပုံမှန်ရေမွှေးတွေ ထဲကပဲ လှည့်သုံးရတာလည်း ရိုး နေပြီဆိုရင် ဒီကောင်လေးကို သုံး ကို သုံး သင့်တယ်။ blind buy လည်း ပြဿနာမရှိဘူး။ ❞
Inspired by
Unisex · Sexy · Night
Luxury - Leather - Animalic - Warm - Spicy
❝ Ombre Leather က ကျနော်တို့ Suvanna အတွက် မှတ်တိုင် ဖြစ်ပါတယ်။ Luxury ဆန်လွန်းပြီး လူချမ်းသာနံ့ ကားအကောင်းစားအသစ်နံ့နဲ့ sexy ကျပြီး ဆွဲအားပြင်းတဲ့ ကြွေချင်စရာ Man & Lady တွေ သေချာပေါက် ဖြစ်ကို ဖြစ်တယ်။ (Blind buy ရင်တောင် ကြိုက်လောက်မှာပေမယ့် ရေမွှေး beginner ဘော်ဒါတွေ ကတော့ blind buy မလုပ်ပါနဲ့ .. 10 ml အရင်စမ်းကြည့်ပါ။ ဒါမျိုးတွေ ကြိုက်တဲ့ ဘော်ဒါတွေကတော့ ဆွဲလို့ရပါတယ်ဗျ။) ❞
Inspired by
Unisex · Rainy · Winter
Oud - Hard to wear - Over 28/30 - Ultra - Unique
❝ ကျနော် အကြိုက်ဆုံးရေမွှေးလို့ ပြောလို့ရတယ်။ လူကြိုက်အရမ်းများပြီး အတော်ကို အဆင့်အတန်းမြင့်တယ်လို့ သတ်မှတ်ကြတယ်။ သစ်ဆွေးနံ့ ခပ်ညစ်ညစ်ထေးထေးအနံ့မျိုးကို လုံးဝ nostalgic vibe ။ blind buy မဝယ်သင့် ပေမယ့် စမ်းရင်း စမ်းရင်း ကြွလာလိမ့်မယ်။ အခုမှ ရေမွှေးစ သုံးမယ့်ဘော်ဒါတွေ တော့ မဝယ်သင့်သေးဘူး။ ❞
Inspired by
Unisex
Manly Rose - Unique - Charming
❝ ယောကျာ်းလေး သုံးချင်ရင် သုံးလို့ရ တဲ့ နှင်းဆီနံ့ထဲမှာပါတယ်။ Rose ကို မှ earthy ဖြစ်ဖြစ်၊ woody ဖြစ်ဖြစ် နွေးနွေးထွေးထွေးလေး။ ကျနော်က နှင်းဆီနံ့ မကြိုက်တတ်လို့ မကြိုက်ပေမယ့် နှင်းဆီနံ့လဲ ကြိုက်တယ်၊ ကွဲထွက်နေတာ လေးတွေလဲ ကြိုက်တတ်တဲ့ ဘော်ဒါတွေ စမ်းကြည့်သင့်တယ်။ ❞
Inspired by
Unisex · Summer
Clean - Soapy - Office - Interview - Pagoda
❝ ဖွေးဖွေးသန့်သန့် ကြော့ကြော့လေးနေတဲ့ ကောင်မလေးတွေနဲ့ ပိုပြီး လိုက်ဖက်မယ်။ Unisex မို့လို့ နောက်ပြီး ယောကျာ်းလေးဆိုရင် လည်ကတုံးအဖြူ သန့်သန့်လေးတွေနဲ့ ဆိုရင်လည်း လိုက်တယ်။ Pure Musc for Her ကြိုက်တဲ့ သူတွေ အပြောင်းအလဲလေးဖြစ်ချင်ရင် ဒါလေး စမ်းကြည့်သင့် တယ်။ ❞
Inspired by
Unisex · Winter · Spicy · Night
Tobacco - Oud - Wealth - Old School - Deep & Dark
❝ ဆေးရွက်ကြီးနံ့ ရဲ့ ယောကျာ်းဆန်ဆန်ရယ် dark ဖြစ်ဖြစ်ရယ်ကို Oud သစ်မွှေးရဲ့ အရမ်းမိုက်တဲ့ သစ်နံ့ရယ်နဲ့ ပေါင်းထားတဲ့ sexy ကျကျ ဘဲလန်းလန်း၊ အနံ့ရတာနဲ့ စိတ်ဝင်စားစရာ အထာမျိုးသွားတယ်။ ဒါက ပိုပြီး Blind Buy မ ဝယ်သင့်သေးပဲ 10 ml နဲ့ စမ်းကြည့်သင့်တယ်။ ❞
Inspired by
Unisex · Winter · Spicy · Night
Tobacco - Wealth - Old School
❝ ဆေးရွက်ကြီးနံ့ ခါးရှရှကိုမှ Vanilla နံ့ ချိုချိုလေး ရောထားတာမို့ အသစ် အဆန်းတွေ စိတ်ဝင်စားတယ်၊ ကိုယ်က dark ဖြစ်ဖြစ် ဆွဲဆောင်မှု ရှိချင်တယ်ဆို ရင် သေချာပေါက် စမ်းကြည့်သင့်တဲ့ ရေမွှေးလေးပါ။ Blind Buy မဝယ်သင့် ပေမယ့် ဈေးလည်းတန် တာမို့လို့ စမ်းကြည့်ရင်း ကြိုက် သွားမယ့်အနံ့မျိုး။ ❞
Inspired by
Unisex · Winter · Night
Luxury - Unique - Gentleman - Man - Attractive
❝ အနံ့ရလိုက်တာနဲ့ WTF မိုက် လိုက်တာ ဆိုပြီး ကြွေချင်စရာ ဘဲကြီးအထာ မျိုးပေါ့။ သားရေဂျာကင်တို့၊ အင်္ကျီအနက်ရောင်တို့၊ ညနေခင်းတို့နဲ့ အရမ်း လိုက်ဖက်ပြီး လုံးဝ အထာကျနေစေတဲ့ leather နံ့ ခပ်ပြင်းပြင်း ဆွဲဆောင်မှု ပြင်းပြင်း ရေမွှေးထဲမှာ ထိပ်ဆုံးပါပဲ၊ Blind Buy မဝယ်သင့်သေးပဲ 10 ml နဲ့ စမ်းကြည့်သင့်တယ် ❞
Inspired by
Unisex
Floral - Almond - Sexy
❝ Vanilla ကြိုက်တဲ့သူတွေအတွက် ပွဲတော်ပဲ၊ Vanilla တွေ တနင့်တပိုးကြီး သုံးထားပြီး Almond နဲ့ Floral နဲ့ ပြန်ရိုက်ထားပြီး လုံးဝ အရမ်းကို စိတ်ချမ်းသာနေရတာ၊ Sexy အရမ်းဖြစ်ပြီ Sexy ကိုမှ အီအီလေးသွားတဲ့ Gourmand Sexy မျိုး၊ အထာကျတဲ့ မမတွေနဲ့ လိုက်လိမ့်မယ် ❞
Inspired by
Women
Feminine - Versatile - Cool
❝ မမတွေ ညီမလေးတွေ အရမ်းကြိုက်ကြတာလည်း မပြောနဲ့၊ သူတို့အနံ့လေး တွေကိုက လူတိုင်းကြိုက်ကြတာ၊ ကိုယ်ဆွတ်ထားရင် “ဘာနံ့လေးလဲ၊ ဘာရေမွှေးလေးလဲ” လို့ အရမ်းအမေးခံရတဲ့အနံ့လေး❣️ versatile လည်း ဖြစ်လို့ ဘယ်နေရာသွားသွား ဘယ်ချိန်ပဲဖြစ်ဖြစ် လိုက်ဖက်တယ် 😊 floral fruity အေးအေးလေးမို့လို့ ချစ်စရာပိုကောင်းတယ်၊ ဆွဲဖက်ပြီး ငုံထားချင်စရာ ကောင်းတယ် 🫠 ❞
Inspired by
Man · Sexy · Night
Seductive - Sweet - Night Life
❝ ဂရိနာမည်နဲ့ အီတလီသားလေး … Eros ဆိုတဲ့ နာမည်အတိုင်းပါပဲ။ ဘာလို့လဲဆိုတော့ Eros ဆိုတာ ဂရိဒဏ္ဍာရီလာ God of Love & Sex ကိုး၊ နာမည်နဲ့ တကယ် လိုက်ဖက်စေရမယ်၊ Mint ရယ် Vanilla ရယ် Tonka Bean ရယ် စတဲ့ ချိုတဲ့ကောင်လေးတွေကို ပန်းသီးတို့ သစ်တော်သီးတို့လို ခပ်မွှေးမွှေး ခပ်ချိုချိုအေးအေးလေးတွေနဲ့ wow အရမ်းမိုက်တယ် ❞
Inspired by
Man · Summer · Fresh
Manly - Fresh - Fougere
❝ ငယ်ငယ်က စားခဲ့ကြတဲ့ ဘာလီချိုချဉ် သကြားလုံးလေးတွေရဲ့ အရသာအတိုင်းပဲ 💛 လူမေးလည်း အရမ်းများလွန်းလို့ try ခဲ့သမျှ နောက်ဆုံးတော့ Suvanna မှာ inspired ရခဲ့ပြီ သူက Eros Lineup ထဲမှာ နောက်ဆုံးထွက်ထားတဲ့ ကောင်လေး၊ လူကြိုက်များလွန်းမက များလွန်းပြီး hype ကြလွန်းတော့ hype နေကြယုံများလားလို့တောင် ထင်မိဖူးတယ်။ တကယ်တမ်း ကိုယ် ပထမဆုံး စမ်းကြည့်လိုက်တဲ့အခါမှ Wow … တိုတိုပြောရရင် Aventus တို့ Explorer တို့ ကြိုက်တယ် ဒါပေမယ့် အပြောင်းအလဲလေးလည်း ဖြစ်ချင်တယ်၊ ပိုပြီး ငယ်ရွယ်လန်းဆန်းတက်ကြွပြီး အနားကသူတိုင်းကိုလည်း စိတ်ချမ်းသာလန်းဆန်းစေချင်ရင် Eros Energy ကိုသာ ချ။ ❞
Inspired by
Man · Summer · Fresh
Manly - Fresh - Fougere
❝ Aquatic ဖြစ်ဖြစ်လေးနဲ့ ကြည်ကြည်ချဉ်ချဉ်အေးအေးလေး Lemonade အေးအေးလေးတစ်ခွက်ကို သောက်လိုက်ရသလိုပဲ၊ အတော်ကို fresh ဖြစ်စေတယ်၊ Gym ဆော့တဲ့သူတွေ Sport လုပ်တဲ့သူတွေရဲ့ အချစ်တော် ❞
Inspired by
Women · Sexy
Fruity - Sweet - Sexy
❝ Candy နံ့ ကြိုက်တဲ့သူတွေဆို အရမ်းကြိုက်ကြမှာ၊ ပြီးတော့ မြင်ဖူးသလောက်ထဲမှာတော့ Bombshell ကို မကြိုက်တဲ့မိန်းကလေး အတော်ကို ရှား... 😎 သွက်သွက်လက်လက်နဲ့ ကလေးဆန်တာကိုမှ တပြိုင်ထဲမှာ Sexy က ဖြစ်သေးတယ် Very Nice ❣️ ❞
Inspired by
Women · Sexy
Gentle Sexy - Girly - Romantic
❝ ထင်မထားလောက်အောင် ကြိုက်ကြတဲ့ Very Sexy ❣️ Very Sexy ဆိုတဲ့ နာမည်နဲ့ လိုက်တယ်လို့ ပြောရခက်တယ်၊ ဒါပေမယ့်လည်း sexy ဆိုတာလည်း အမျိုးမျိုးရှိတယ်လို့ ယူဆမယ်ဆိုရင် သူ့အနံ့လေးက လှလှယဉ်ယဉ်လေးနဲ့ mature sexy ဖြစ်တယ် ပြောရမယ် ❞
Inspired by
Women · Night
Coffee - Vanilla - Night Life - Attractive
❝ ☕️ ကော်ဖီနံ့ရေမွှေးကြိုက်ကြတဲ့သူဘော်ဒါတွေအတွက် ဆောင်းတွင်းအေးအေး လေးမှာ ကော်ဖီပူပူလေးသောက်လိုက်ရသလိုမျိုး ခံစားချက်မျိုးကို ပေးမယ့် YSL ရဲ့ Black Opium !! Coffee နဲ့ vanilla ပေါင်းထားတဲ့အနံ့လေးက အရမ်း ဆွဲဆောင်မှုရှိတယ်။ အနားကပ်လိုက်တာနဲ့ Wow ကော်ဖီနံ့ရေမွှေးလေးလား၊ ရေမွှေးက ကော်ဖီနံ့လေးလား ဆိုပြီး အရမ်းအမေးခံရ၊ သဘောကျခံရတဲ့ ရေမွှေး လေး၊ ဆောင်းတွင်းအေးတဲ့အချိန်တွေမှာ ကော်ဖီဆိုင်လေးထိုင်တာပဲဖြစ်ဖြစ်၊ ညဖက်တွေ night out တာပဲဖြစ်ဖြစ် ကိုယ်က Unique ဖြစ်ပြီး ဆွဲဆောင်မှုရှိနေစေတယ် 🖤 ❞
Inspired by
Women · Night
Coffee - Vanilla - Night Life - Attractive
❝ Night out တွေမှာ ရနေကျအနံ့မျိုးနဲ့ ကွဲထွက်ပြီး ကော်ဖီနံ့လေးလိုလို၊ ချောကလက်နံ့လေးလိုလိုကိုမှ ခပ်နွေးနွေးလေးနဲ့ စိတ်ဝင်စားစရာ ဆွဲဆောင်မှု အပြည့်ပေးတဲ့ရေမွှေး YSL ရဲ့ Black Opium Extreme !! သူက Black Opium နဲ့ ဘာကွာသွားလဲဆိုရင် ပိုပြီး Coffee Chocolate ပိုဆန်ပြီး အဲဒါကိုမှ စံပယ်ပန်းနံ့ သင်းသင်းလေးခံပြီး Vanilla ရဲ့ Creamy Vibe လေးနဲ့ ပြန်ပေါင်းထားတော့ Black Opium ထက် ပိုပြီး အရသာရှိသလို ခံစားရတယ်၊ Black Opium က perfume နံ့ပိုဆန်ပြီး ဒီကောင်ကကျ ပိုပြီး Dessert ပိုဆန်တဲ့အနံ့လေး ရတယ် 🖤 ❞
Inspired by
Men · Night
Manly - Aromatic - Fresh - Vanilla - Night Out - Casual
❝ YSL မှန်း သိသာတဲ့ ရေမွှေးတစ်ခုပဲ။ Green Apple နဲ့ကိုမှ Greanium တို့ Lavender တို့ Vanilla နဲ့ ပေါင်းထားပြီး Aromatic Vanilla Fragrance လေး၊ နေ့ညမရွေး နွေမိုးဆောင်းမရွေး လိုက်တယ်၊ ချစ်စရာကောင်းတဲ့ YSL မှန်း သိသိသာသာရေမွှေးလေး ❞
Inspired by
Men · Night
Violet - Iris - Powdery - Night Out - Seductive - Warm
❝ ညဖက်တွေမှာ ဆွဲဆောင်မှုရှိတဲ့ ရေမွှေးတစ်ခုဖြစ်လို့ Night Out တွေ Club တွေ Bar တွေ သွားတာမျိုးဖြစ်ဖြစ်၊ ကောင်မလေးနဲ့ ညနေခင်း dating ပဲဖြစ်ဖြစ် အတော်ကို လိုက်ဖက်ပါတယ်။ ထူးခြားတဲ့ အိုင်းရစ်ပန်းနဲ့ ခပ်ထုံထုံချိုချိုနဲ့ ယောက်ျားလေးသုံးကိုမှ Powdery ဆန်ဆန်လေးမို့လို့ အနံ့လေး ထူးထူးခြားခြား ချစ်စရာကောင်းတယ်။ အိုင်းရစ်ပန်း နဲ့ နီလာပန်းနံ့လေးကိုမှ လာဗန်ဒါတို့ Pachouli တို့ Tonka တို့နဲ့မို့လို့ ယောက်ျားလေးသုံးကိုမှ powdery ဖြစ်ဖြစ်လေး ခပ်ထုံထုံလေး သွားတယ်။ magical ခံစားရတယ်။ ❞
Inspired by
Women
Girly - Gentle - Bossy - Charming
❝ ဒါကတော့ လုံးဝ ဘယ်အချိန် ဆွတ်ထားထား အမြဲရတဲ့ အနံ့က သူဋ္ဌေး အိမ်က အနံ့၊ ဂုဏ်ဆာပြီးပြောတာမျိုးမဟုတ်ပ😁 တကယ်ပါ ရနံ့ကိုမှ Luxury ဖြစ်တယ် လို့ လုံးဝ ခံစားသွားရစေတယ် 😍 နောက်ပြီးခံစားချက်ကလည်း ကျော့ရှင်းနေ စေတာမျိုးလေး 😊 အရာရှိတို့၊ ဆရာမတို့၊ ဆရာဝန်တို့နဲ့ အတော်ကို လိုက်တဲ့အနံ့မျိုး … ဆိုလိုတာက ရင့်ကျက်ပြီး အထက်အရာရှိမမ ဆန်ဆန် အနံ့မျိုး။ ဆွဲဆောင်မှုရှိပြီး မြတ်နိုးမှုတစ်ခုကို မွေးဖွားပေးနိုင်တဲ့ ရနံ့မျိုးလေး 💛 ❞
Inspired by
Women
Fruity - Sweet - Sexy - Cutie
❝ အချစ်တကာ့ အချစ်ဆုံး Mon Paris ❣️ floral candy sweet ကိုမှ အရမ်း အသည်းယားစရာကောင်းတယ် ကိုက်စားပစ်ချင်စရာကောင်းတဲ့ အနံ့မျိုးလေး၊ လုံးဝ ချစ်ဖို့အရမ်းကောင်းပြီး လုံးဝ ဆွဲဆောင်မှုအားကောင်းလွန်းလို့ ကိုကိုတွေ အရမ်းကြိုက်ကြတဲ့အနံ့လေး ❞
Inspired by
Women
Fruity - Sweet - Sexy - Cutie
❝ အချစ်တကာ့ အချစ်ဆုံး Mon Paris ❣️ floral candy sweet ကိုမှ အရမ်း အသည်းယားစရာကောင်းတယ် ကိုက်စားပစ်ချင်စရာကောင်းတဲ့ အနံ့မျိုးလေး၊ လုံးဝ ချစ်ဖို့အရမ်းကောင်းပြီး လုံးဝ ဆွဲဆောင်မှုအားကောင်းလွန်းလို့ ကိုကိုတွေ အရမ်းကြိုက်ကြတဲ့အနံ့လေး ❞
Inspired by
Man · Summer · Fresh
Manly - Fresh - Energetic
❝ MYSLF က ယောက်ျားလေးတယောက်အတွက် အတော်ကို သဘောကျကြမယ့် ရေမွှေးပါ၊ ရှိလည်း ရှိထားသင့်တဲ့ ရေမွှေးလို့ ပြောလို့ ရပါတယ်၊ ဒီတလုံးရှိထားယုံနဲ့ ထသွားထလာပဲ သုံးသုံး၊ ရုံးသွားကျောင်းသွားပဲ သုံးသုံး၊ Evening Date တွေပဲ သုံးသုံး စိတ်ချမ်းသာစေတော့ အတော်လေး အံဝင်ပါတယ်၊ အထူးသဖြင့် တနေရာရာကို ခရီးသွားရင် MYSLF ကို အတော်လေး recommend ပေးချင်တယ်၊ ယောက်ျားဆန်တယ်၊ လန်းဆန်းစေတယ်၊ သန့်ပြန်စေတယ်၊ တော်တော်လေးကို Energetic ဖြစ်စေပါတယ် ❞
Inspired by
Man · Fresh
Casual - Fresh - Energetic
❝ ခုလို နွေရာသီ နေပူပူမှာ လိုက်ဖက်တဲ့အမျိုးအစားထဲမှာ ချန်ခဲ့လို့ မရမယ့် ကောင်လေး၊ နောက်ပြီးတော့ အလှူ၊ မင်္ဂလာဆောင်၊ အင်တာဗျူး၊ လူကြီးသူမနဲ့ တွေ့တဲ့အခါ စတဲ့ နေရာမျိုးလေးတွေနဲ့လည်း အရမ်းလိုက်ဖက်တယ်၊ လည်ကတုံးအဖြူလေး တီရှပ်အဖြူလေးတွေ ဝတ်လေ့ရှိရင် ဒီကောင်လေးကို စမ်းကြည့်သင့်တယ်၊ သူက ရှောက်သီးရဲ့ ခပ်ချဉ်စူးစူးကို ဂျင်းပါးပါး၊ Mint ပါးပါး ပြန်ရိုက်ထားပြီး လှလှပပ ပြန်ထိန်းထားတာ အရမ်းလှတယ် ❞
Inspired by
Man · Fresh
Manly - Fresh - Energetic - Aromatic
❝ YSL ရဲ့ အအောင်မြင်ဆုံး ရေမွှေး၊ ပန်းသီးစိမ်းနဲ့ တောရှောက်ရဲ့ အဖွင့်လေးနဲ့ အရမ်းမိုက်တယ်။ တည်ငြိမ်အေးချမ်းပြီး ထက်တဲ့ ယောက်ျားတစ်ယောက်နဲ့ ပိုလိုက်ဖက်တယ်။ အခုထိ နန်းမကျသေးတဲ့ ရေမွှေးတစ်လက်။ ကိုယ်ပေါ်မှာ ဆွတ်ထားတဲ့အချိန် အကိုကြီးတစ်ယောက်လို ခံစားရတယ် ဆိုတော့ ကိုယ့်ထက်ငယ်တဲ့ကောင်မလေးတွေနဲ့ တွဲချင်တဲ့ အကိုကြီးတွေအတွက် 😜 signature အဖြစ်သုံးမယ်ဆိုလည်း it’s ok ပါ ❞
Inspired by
Man · Fresh
Manly - Fresh - Energetic - Aromatic - Deeper
❝ YSL ရဲ့ Y series ထဲမှာ အအောင်မြင်ဆုံးလို့ ပြောလို့ရတဲ့ Y EDP ကိုမှ ပိုပြီး dark ဖြစ်ဖြစ်နဲ့ ခပ်ချိုချိုနဲ့ sexy ကျတဲ့ လုံးဝ energetic powerful man ပုံစံ ပိုဆန်တယ်။ ခွန်ပြည့်အားပြည့် တောင့်တင်းတဲ့ ဘော်ဒါတွေ၊ ဒါမှမဟုတ်ရင် စိတ်ဓာတ်ခွန်အား တောင့်တင်းတဲ့ မာကြောတဲ့ ဘော်ဒါတွေနဲ့ အရမ်းလိုက်ဖက်တယ်။ “ဘဝမှာ လောကဓံ တရားရဲ့ ရိုက်ပုတ်မှုကို ဘယ်လောက်ပဲ ခံရခံရ ဦးမညွှတ် တမ်းဆိုတဲ့ မာကြောမှုမျိုးနဲ့ ယောက်ျားတစ်ယောက်ကို Y Le Parfum က အရောင်တင်ပေးနိုင်တယ်လို့ ခံစားရတယ်” perfect for a man ပဲ ❞